ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Annegret Raunigk" အမည်ရှိတဲ့ အဖွားအိုအကြောင်း တင်ဆက်ပေးသွားမှာပါ။ ကမ္ဘာ့ အသက်ကြီးဆုံး မိခင်များစာရင်းထဲမှာ အဲ့အဖွားအိုဟာ ထည့်သွင်းဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုအဖွားအို အကြောင်း မတင်ဆက်ခင်သေးမှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း( E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ ပြောကြားချင်ပါတယ်နော်။

photo credit pngtree

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှ အသက် ၆၅ နှစ်အရွယ် "Annegret Raunigk"ဆိုသူဟာ၂၀၁၅ ခုနှစ်မေလမှာ လေးမြွာပူး ကလေးများကို မွေးဖွားခဲ့ရာ အသက်အကြီးဆုံး လေးမြွာပူး ကလေးမွေးဖွားတဲ့ မိခင်ဖြစ်လာခဲ့ပါတယ်။ သူဟာ အိမ်ထောင်ငါးကြိမ်ကျခဲ့ပြီး သားသမီး ၁၃ ယောက်ရရှိခဲ့ကာ လက်ရှိအချိန်မှာတော့ အိမ်ထောင်မရှိသူ(single mother) တစ်ဦးအဖြစ် ရပ်တည်နေရာမှ လေးမြွာပူး မွေးခဲ့သဖြင့် သားသမီး ၁၇ ယောက်ရဲ့ မိခင်ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ဂျာမနီနိုင်ငံမှ ဆရာဝန်များဟာ "Annegret Raunigk"ရဲ့ ခန္ဓာကိုယ်ဟာ သန္ဓေသားကို လွယ်ထားရန် ကြံ့ခိုင်မှု မရှိနိုင်မှာကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဒါကြောင့်မလို့ "ခန္ဓာကိုယ် ပြင်ပမှာ မျိုးအောင်စေရန် ပြုလုပ်ခဲ့တဲ့ သန္ဓေသား"ကို သူမရဲ့ သားအိမ်အတွင်းသို့ ထည့်သွင်းပေးရန် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် သူမက ငြင်းဆိုခဲ့ပြီး ယူကရိန်းနိုင်ငံမှ ဆရာဝန်တစ်ဦးက ထိုကိစ္စကို ဆောင်ရွက်ပေးရန် သဘောတူခဲ့တာကြောင့် သူမဟာ တစ်ကိုယ်ကောင်းဆန်ပြီး ရူးသွပ်သူဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုများ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ထိုအမျိုးသမီးဟာ လူတိုင်းမှာ မိမိတို့ ဆန္ဒရှိတဲ့အတိုင်း ရှင်သန်နေထိုင်လို့ရကြောင်း တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။