ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး လတ်တလောမှာဆိုရင်လည်း အွန်လိုင်းပေါ်မှာလည်းဈေးရောင်းနေတာဖြစ်ပါတယ်။အိအိတုန်က သွက်သွက်လက်လက်နဲ့စိတ်သဘောထားပြည့်ဝလို့ ပရိသတ်တွေကလည်း သူမဆီကအားပေးဝယ်ယူကြပြီး အရမ်းချစ်နေကြတာဖြစ်ပါတယ်။အိအိတုန်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး ချစ်စရာသမီးချောလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

အိအိတုန်ကတော့ အခုဆိုရင်နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရပြီး မကြာတော့မယ့်အချိန်မှာ မိသားစုဝင်အသစ်လေးထပ်ရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အိအိတုန်တို့မိသားစုလေးကို အရမ်းချစ်ကြပြီး သူတို့ရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်နော်။အိအိတုန်က မိသားစုကိုလည်းစောင့်ရှောက်ပြီး ကိုယ်ဝန်ကိုလည်းအထူးဂရုစိုက်သလို အွန်လိုင်းပေါ်မှာလည်းဈေးရောင်းမပြတ်လို့ စိတ်ဓာတ်ကြံ့ခိုင်ပြီးဘက်စုံတော်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

အိအိတုန်ရဲ့သမီးကြီးလေးကလည်း အရုပ်မလေးနဲ့တောင်တူပြီး မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးပါနော်။အခုဆိုရင်တော့ အိအိတုန်တို့မိသားစုလေးက အပြင်ထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဈေးဝယ်ထွက်ကြတာဖြစ်ပါတယ်။မိသားစုသုံးယောက်က ကြည်နူးမှုအပြည့်နဲ့ချစ်ချစ်ခင်ခင်ရှိကြပြီး လူအများအားကျရလောက်အောင် ပျော်ရွှင်ချမ်းမြေ့နေကြလို့ အိအိတုန်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Tone's Facebook Account
Photo Credit:Ei Tone's Facebook Account

Source&Photo Credit:Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။