ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင်မင်းသားကြီးဖြစ်တဲ့ ဦးကျော်သူကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ပြည်သူချစ် မင်းသားကြီးတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ လတ်ရှိမှာတော့ ဦးကျော်သူ က အသက်အရွယ်ရလာတဲ့အခါ အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ဖြည်းဖြည်းမှန်မှန် နဲ့ လုပ်ကိုင်နေတာကိုလည်းတွေ့ရပါတယ်။ ဦးကျော်သူဟာဆိုရင် အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းမှာ ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦးဆောင်လုပ်ကိုင်ပေးနေတဲ့ လေးစားစရာအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - Kyaw Thu
Photo Credit - Kyaw Thu

ဘာသာရေးဘက်မှာလည်း အထူးကိုင်းရှိုင်းသူဖြစ်တဲ့ ဦးကျော်သူကတော့ ပြည်မြို့တစ်ဘက်ကမ်း ပန်းတောင်းမြို့နယ်မှာ " မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်" ကြီးကိုလည်း တည်ထားကိုးကွယ်ထားတာကို ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ ယင်းစေတီတော်ကြီးအတွင်းမှာတည်ရှိတဲ့"ရှင်မကွဲဆုတောင်းပြည့်ဘုရား" ရှေ့ မြေကွက်လပ်မှာဆိုရင် အလိုအလျောက်ဘယ်သူကမှ မစိုက်ပျိုးတဲ့ ဖရဲသီးအပင်ကနေ ဖရဲသီး ကိုလုံးသီးနေတာလေးကို အတိတ်နိမိတ်အတိုင်းကြီးထွားလာသည်ဟုဆိုကာ ပရိသတ်တွေမြင်တွေ့ရအောင် သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်နော်..။

ယခုလို ဖရဲ့သီးကိုးလုံး သီးလာတာနဲ့ ပတ်သတ်ပြီး ဦးကျော်သူက " ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်တွင်တည်ရှိသော "မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်ကြီး" တွင် တည်ရှိသော "ရှင်မကွဲဆုတောင်းပြည့်ဘုရား" ရှေ့ မြေကွက်လပ်အား မြက်ခင်းနှင့် ပန်းနွယ်ပင်တို့စိုက်ပျိုးခဲ့ရာ မြက်ခင်းပြင်အတွင်း မိမိတို့မစိုက်ပျိုးခဲ့သော်လည်း မြေဆီမြေဩဇာတို့နှင့်အတူပါလာဟန်ရှိသော ဖရဲမျိုးစေ့မှ ဖရဲပင်များရှင်သန်လာကာ ယခုဆိုလျင် ဖရဲသီးကိုးလုံး ကိုးနဝင်းကြေသည့် အတိတ်နိမိတ်အတိုင်းကြီးထွားလာသည်ကို ယနေ့တွေ့မြင်ရတော့တယ်....ဖရဲ ၅+၄= ၉ ၊ ဘုရား ၅+၄= ၉ ၊ အလုံးပေါင်း ၉လုံး ၊ ရှင်မကွဲ ၅+၄+၂= ၁၁ တွင်းကြေ နဝင်းကြေ ဆယ့်တစ်မီးငြိမ်းစေတဲ့ နိမိတ်ဆောင်တဲ့ပြယုဂ်ဖြစ်ပါစေသားဟု ဆန္ဒပြုမိပါတော့တယ်.. ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေးငြိမ်းချမ်းသာယာဝပြောကာ ကပ်ဘေးအမျိုးမျိုးက ကင်းဝေးကြပါစေ" ဆိုပြီး ရေးသားထားပါတယ်နော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ဦးကျော်သူ တည်ထားကိုးကွယ်ထားတဲ့ "မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်" ကြီးတွင် အလိုအလျာက်သီးလာတဲ့ ဖရဲသီး အကြောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Thu
Photo Credit - Kyaw Thu

Photo Credit - Kyaw Thu

Source -Kyaw Thu's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။