ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးထူးခြားခြား အစိုးရဌာန တစ်ခုဖြစ်တဲ့ "GEIPAN" ဌာနအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုဌာန အမည်ရဲ့ အရှည်ခေါက်ကတော့ "Groupe d'Etudes et d'Information sur les Phenomenes Aerospatiaux Non Identifies" ဖြစ်ကာ အမျိုးအမည်မသိ လေကြောင်းဆိုင်ရာ ဖြစ်စဉ်များ လေ့လာရေးအဖွဲ့လို့ အမည်ရပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

"GEIPAN" ဟာ ပြင်သစ်အစိုးရရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ ထူထောင်ခဲ့ကာ အမျိုးအမည်မသိ ပျံသန်းနေသော အရာ UFO များ(ပန်းကန်ပြားပျံများ) ကို သုတေသနပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှ အာကာသလေ့လာရေး အေဂျင်စီတစ်ခု ဖြစ်တဲ့ "CNES"ရဲ့အဖွဲ့ခွဲဖြစ်သော GEIPAN ဟာ ပန်းကန်ပြားပျံ ၁၆၅၀ နှင့်စပ်လျဉ်းသော ထောက်လှမ်းမှုများပါရှိတဲ့ စာတွဲများကို ၂၀၀၇ ခုနှစ် က ထုတ်ပြန်ခဲ့ပါတယ်။

photo credit pngtree

အချို့သော စာရွက်စာတမ်းများကို ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ပြီး GEIPAN က ထုတ်ပြန်ခဲ့တဲ့ စာရွက်များဟာ A 4 အရွယ် စာရွက် စာမျက်နှာ တစ်သိန်းအထိရှိခဲ့ပါတယ်။ GEIPAN ရဲ့ အဆိုအရ အချို့ UFO များဟာ ပျံသန်းနေသော အရာများမဟုတ်ကြဘဲ တစ်ခါတစ်ရံမှာ တိမ်စိုင်များ သို့မဟုတ် အပေါ်သို့ တက်နေတဲ့ လကို UFO လို့ထင်မိကြတယ်လို့ ဆိုပါတယ်။ သို့သော် GEIPAN ဟာ အကြောင်းအချက် ခိုင်လုံကာ ရှင်းမပြနိုင်တဲ့ UFO များကိုလည်း စူးစမ်းသုတေသနပြုခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။