ပရိတ်သတ်ကြီးရေ.....ဟာသဗီဒီယိုလေးတွေကနေ လူသိများလာခဲ့ပြီး အခုလက်ရှိမှာဆိုရင်ပရိတ်သတ်အားပေးမှုအပြည့်နဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးလေးဖြူဖြူထွေးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကြော်ငြာတွေလည်း အဆက်အပြတ်ရိုက်ကူးနေရတဲ့သူလေးဖြစ်တဲ့အပြင် ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ အလှူဒါနလုပ်တဲ့နေရာမှာလည်း စေတနာသဒ္ဓါတရားထက်သန်တဲ့သူလေးဖြစ်ပြီး အမြဲတန်းအလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိသူပါ။ ဒါ့ပြင်မိဘအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပြီး လိမ္မာရေးခြားရှိတဲ့သူလေးပါ။ ဖြူဖြူထွေးဟာ အမြဲအလုပ်ကြိုးစားတဲ့သူလေးဖြစ်တာကြောင့် အခုဆိုရင်အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ သူမရဲ့အလှူဒါနပုံရိပ်တွေ၊tik tokဗီဒီယိုလေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် "ကျေနပ်စရာကောင်းတဲ့အလှူလေးပါ" ဆိုတဲ့captionလေးနဲ့ အနုပညာရှင်တွေနဲ့အတူပြုလုပ်နေတဲ့ အလှူဒါနပုံရိပ်တွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

Source-Phyu Phyu Htwe's Facebook acc

Photo credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။