ပရိသတ်ကြီးရေ စွယ်စုံရမင်းသားချော မြင့်မြတ်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှု များစွာ ရရှိခဲ့တဲ့ သူတစ်ယောက်ပါ ။ မြင့်မြတ်ရဲ့ သရုပ်ဆောင် စွမ်းရည်ကို ပရိသတ်တွေက အသိအမှတ်ပြုပြီး တိကျပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ထိုက်တန်စွာရရှိထားပါသေးတယ်။ ဒါ့အပြင် မင်းသားချော မြင့်မြတ်က ယောကျာ်းပီသပြီး ခန့်ညားချောမောတဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေ အသည်းစွဲ အားပေးချစ်ခင်ရတဲ့သူလည်းဖြစ်ပါတယ်......။

Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account

မြင့်မြတ်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး သူရဲ့ မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူပဲဖြစ်ပါတယ်။ ဇနီးနဲ့ သားသားလေး မြတ်သူအပေါ်မှာလည်း ကြင်နာဂရုစိုက်မှုအပြည့်ရှိတဲ့ မြင့်မြတ်ကို ပရိသတ်တွေက အားကျချစ်ခင်နေကြတာ အသေအချာပါပဲနော်။ မကြာခဏဆိုသလိုလည်း မြင့်မြတ်က သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ မိသားစုတွေ ပျော်ရွှင်ကြည်နှုးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလျက်ရှိတာလည်းဖြစ်ပါတယ်......။

Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account

ယခုမှာလည်း ပရိသတ်အချစ်တော် မင်းသားချော မြင့်မြတ်က သူရဲ့ မိသားစုနဲ့အတူ သာယာလှပတဲ့ သဘာဝရဲ့ အလှတရားတွေရှိရာကို သွားရောက်လည်ပတ်နေတာလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိသားစုအတူ ရိုက်ကူးထားတဲ့ ပုံလေးတွေအပြင် " သဘာဝအလှတရားများ သာသာယာယာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account
Photo credit - Myat Wai Tun's facebook account

Source & Photo credit - Myat Wai Tun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။