ပရိတ်သတ်ကြီးရေ..... ဂီတလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး သီချင်းအေးအေးလေးတွေကို အသံချိုချိုလေးနဲ့ ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အဆိုတော်မလေးဝိုင်းစုခိုင်သိန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဂီတလောကမှာသာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဗီဒီယိုဇာတ်ကားများရိုက်ကူးအောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-Wyne Su Khaing Thein's Facebook page
Photo credit-Wyne Su Khaing Thein's Facebook page

ဝိုင်းစုဟာ အရင်အိမ်ထောင်နဲ့ကွဲခဲ့ပေမယ့် ယခုအခါမှာ အောင်လနဲ့အတူသာယာပျော်ရွှင်ဖွယ်relationshipတစ်ခုကို တည်ထောင်ထားတာဖြစ်ပါတယ်။ သူမတို့နှစ်ဦးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် တွဲလက်တွေမြဲစွာနဲ့ romanticဆန်ဆန်ဖြတ်သန်းနေကြတဲ့ ချစ်စရာစုံတွဲလေးပါ။ အောင်လဟာလည်း ဝိုင်းစုကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲလေးဆိုလည်းမမှားပါဘူးနော်။

Photo credit-Wyne Su Khaing Thein's Facebook page
Photo credit-Wyne Su Khaing Thein's Facebook page

ဝိုင်းစုခိုင်သိန်းဟာဆိုရင်လည်း ယနေ့ထိတိုင်အောင်မြင်နေဆဲဖြစ်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပြီး သူမရဲ့သီချင်းသစ်လေးတွေဟာဆိုရင်လည်း ပရိတ်သတ်ရင်ထဲကိုရသအမျိုးမျိုးနဲ့ ပေးနိုင်တဲ့သီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ဝိုင်းစုဟာမကြာသေးမီက သူမရဲ့ Facebookစာမျက်နှာတွင် "ဒါလေးကဘယ်သူလေးလဲ သိကြလား" ဆိုတဲ့captionလေးနဲ့ သူမရဲ့ငယ်ဘ၀ပုံရိပ်လေးတွေကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Wyne Su Khaing Thein's Facebook page
Photo credit-Wyne Su Khaing Thein's Facebook page

Source-Wyne Su Khaing Thein's Facebook page

Photo credit-Wyne Su Khaing Thein's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။