ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ နဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် က အသားရည်လေးတွေကလည်း ဖြူဖွေးနုဖက်လွန်းနေပြီး သွယ်လျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်းမျိုးတွေပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။

Photo Credit - Wutt Hmone Shwe Yi
Photo Credit - Wutt Hmone Shwe Yi

အသက်ငယ်ရွယ်ပေမယ့် ဘာသာရေးဘက်မှာလည်း အထူးကိုင်းရှိုင်းသူဖြစ်ပြီး အလှူတန်းတွေမှာလည်း တက်နိုင်သလောက်လှူဒါန်းပေးလေ့ရှိတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ယခုတစ်ခါမှာဆိုရင် ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလမှာ အရှေ့ဆုံးကနေတိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေလှူဒါန်းနိုင်ရန်အတွက် စိတ်ပါဝင်စားတဲ့ စေတနာရှင်တွေကို ပါဝင်လှူဒါန်းပေးဖို့ ဖိတ်ခေါ်လာခဲ့ပါတယ်နော်။ ဒီအလှူလေးနဲ့ ပတ်သတ်ပြီး ဝတ်မှုံရွှေရည် က " ဒီနေ့ post လေးကတော့ ကစ် sharing လုပ်ချင်တဲ့ အလှူ လေးတခုအကြောင်းပါ...အခုcovid-19 ကာလအတွင်းမှာ အလှူလေးလည်း လုပ်ချင်တယ်လှူတဲ့အရာကလည်း တကယ့်ကိုအကျိုးရှိစေချင်တာကြောင့် အားလုံးရဲ့အရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးနေကြတဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ဆေးရုံမှလုပ်အားပေးပြည်သူများအတွက်အလှူလေးပေးချင်တယ်ဆိုတော့ သူတို့အတွက်အသက်အာမခံလေး ကို ကစ်တို့သူငယ်ချင်း‌တွေစုပေါင်းပြီးလှူဒါန်းချင်လို့ပါ....

Photo Credit - Wutt Hmone Shwe Yi
Photo Credit - Wutt Hmone Shwe Yi

ကစ်တို့အခုလှူမယ့်ဆေးရုံကတော့ Covid လူနာတွေကိုအဓိကထားမယ့် ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ ကျန်းမာရေးဝန်ထမ်း၁ဦးအတွက် ၁၀,၀၀၀ ကျပ်ကြသင့်မှာဖြစ်ပြီး ၊အကယ်၍ထိုကျန်းမာရေးဝန်ထမ်းမှာတစ်စုံတစ်ခုဖြစ်ပေါ်သွားခဲ့ပါက ၁၀ သိန်း ရရှိ မှာဖြစ်တဲ့အတွက် အားလုံးလှူရတာပိုပြီးထောက်ပံ့ရာရောက်ပါတယ်.....အဲဒါကြောင့် စိတ်ပါဝင်စားလို့ ပါဝင်လှူဒါန်းချင်ပါက...မချစ်အိမ်သူ - (၀၉၈၈၅၀၂၂၂၀၉)ထံသို့ဆက်သွယ်ပြီးလှူလို့ရပါတယ်နော်....ကိုယ်နိုင်သလောက် ဝန်လေးကို မျှထမ်းကြဖို့ ရည်ရွယ်ရင်း ဒီ post လေးကို တင်ပေးလိုက်တာပါ....ကျန်းမာရေးဝန်ထမ်းများအားလုံးအားလေးစားလျက်" ဆိုပြီး ရေးသားထားပါတယ်။ ချစ်ပရိသတ်ကြီးရေ ယခုလို မွန်မြတ်လှတဲ့ အလှူရည်ရွယ်ချက်လေးကတော့ တကယ့်ကိုကောင်းမွန်လှပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi

Source -Wutt Hmone Shwe Yi's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။