အမြဲစကြနောက်ကြနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြသူတွေကတော့ သရုပ်ဆောင် ဘုန်းဆက်သွင်နဲ့ ခေးဆက်သွင်တို့ သူငယ်ချင်းနှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကကို ရောက်ရှိတာမကြာသေးပင်မယ့်လည်း အသီးသီး အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ Friendship ကိုကြည့်ပြီး အားကျနေကြတာပဲ ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

သူတို့နှစ်ယောက်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှ တစ်ဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ ခေးဆက်သွင်ရဲ့ အလှူလေးကို သူငယ်ချင်းဖြစ်တဲ့ ဘုန်းဆက်သွင်ပါ လိုက်ပါကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောသူတို့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ သိရှိအောင် အမြဲတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account
Photo Crd-Phone Sett Thwin’s Facebook Account

အခုမှာလည်း ဘုန်းဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခုတသ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခန္ဓာကိုယ်လေးကိုဘယ်ညာယိမ်းနွဲ့ကာအထာကျကျကနေကြတဲ့ ဘုန်းဆက်သွင်နဲ့ ခေးဆက်သွင်တို့ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ " အပျင်းပြေ ချွေးထုတ် " ဆိုပြီး ဘုန်းဆက်သွင်က ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Phone Sett Thwin’s Facebook and Khay Sett Thwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။