ပရိတ်သတ်ကြီးရေ..... Mrtv-4ရဲ့ထုတ်လွှင့်ပြသနေတဲ့ ဇာတ်ကား‌ကောင်းလေးများတွင် အချစ်ဖွဲ့လေညင်းဆိုတဲ့ဇာတ်လမ်းတွဲလေးလည်း အပါအ၀င်ဖြစ်ပါတယ်နော်။ ဒီဇာတ်လမ်းတွဲလေးမှာ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်ဟာဆိုရင်လည်း အတွဲညီညီနဲ့သရုပ်ဆောင်နိုင်တဲ့ သူတွေဖြစ်ပါတယ်။

Photo credit-Than Thar Moe Theint's Facebook acc
Photo credit-Than Thar Moe Theint's Facebook acc

ကျော်ထက်ဇော်ဟာလည်း ရောင်နီဦးနဲ့မိုးသောက်ဦးဆိုတဲ့ ကာရိုက်တာနှစ်မျိုးနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး သံသာမိုးသိမ့်ဟာလည်း သွက်လက်ပြီးခပ်စွာစွာကောင်မလေး မေပျိုဖြူအနေနဲ့သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးဟာဆိုရင် ပရိတ်သတ်ရင်ထဲကို အပြည့်အ၀ရောက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲလေးဟာဆိုရင် အခုအခါမှာဇာတ်သိမ်းသွားပြီဖြစ်ပါတယ်။ မကြာသေးမီကလည်း ကျော်ထက်ဇော်နဲ့သံသာမိုးသိမ့်ဟာ သူတို့ရဲ့ Facebookစာမျက်နှာတွင် ရိုက်ကွင်းပုံရိပ်လေးတွေနဲ့အတူ ကျေးဇူးတင်စကားလေးတွေ တင်ပေးလာကြပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

Source-Kyaw Htet Zaw's Facebook acc/ Than Thar Moe Theint's Facebook acc

Photo credit-Kyaw Htet Zaw's Facebook acc/ Than Thar Moe Theint's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။