ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ အဆိုတော် အေသင်ချိုဆွေရဲ့ ချစ်စရာသမီးချောလေး အိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။

အေသင်ချိုဆွေကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနဲ့အတူ ကြည်နူးပျော်ရွှင်စွာ နေ့ရက်တိုင်းကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

အေသင်ရဲ့ ချစ်စရာသမီးလေး အိုင်ဗီလေးကတော့ ဝဝပြည့်ပြည့် ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းပြီး လည်လွန်းတတ်လွန်းနေတာမို့လည်း ပရိသတ်တွေက သည်းသည်းလှုပ်အချစ်ပိုနေကြတာပါ..။

ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ အိုင်ဗီလေးကတော့ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ အသည်းယားစရာပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

မေမေအေသင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးအိုင်ဗီလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း စတိုင်လ်တွေအပြည့်နဲ့ လှဲအိပ်နေတဲ့ အိုင်ဗီလေးရဲ့ ပုံလေးတွေကို ဝေမျှထားပါသေးတယ်..။

"Beach mood on ပါနော်

Beach beach နဲ့ နေပူစာလုံနေတာ သူက

ကိုယ်ပိုင် boat နဲ့ ကိုယ်ပိုင် beach မှာ

သာယာနေသော ချိမ ဗီးဗီး.." ဆိုပြီး မျှဝေထားတာဖြစ်ပြီး အသည်းယားစရာ အိုင်တင်စတိုင်လ်တွေအပြည့်နဲ့ လှဲအိပ်နေတဲ့ အိုင်ဗီဗလးရဲ့ ပုံလေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

Source & Photo Credit - Athen Cho Swe's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။