ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်ပဲ ဖြစ်ပါတယ်။ သူရဲ့ တည်ကြည်လွန်းတဲ့ ရူပါလေးကြောင့် နှုတ်ခမ်းနီမလေးတွေက အရမ်းကို အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ပြသနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account

ဒီဇာတ်လမ်းတွဲမှာ ရောင်နီနဲ့ မိုးသောက်အဖြစ် နှစ်ကိုယ်ခွဲကာ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေး ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကျော်ထက်ဇော်နဲ့ ခန့်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က အမှတ်တရပုံရိပ်လေးတွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account

" မိုးသောက်က Roတော့လဲ စင်ပေါ်မှာတက်ပြီးတော့ကို လက်ထက်ခွင့်တောင်းတာ

နောက်လ ရှေးနဲ့မိုးသောက်ရဲ့မင်္ဂလာပွဲလေးကိုလဲ လာခဲ့ဦးနော် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် စင်ပေါ်တက်ပြီးခန့်ကိုလက်ထက်ခွင့်တောင်းပြီးရိုပြလိုက်တဲ့ ကျော်ထက်ဇော်ရဲ့ရိုက်ကွင်းပုံရိပ်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Htet Zaw’s and Khant Thiri Zaw’s Facebook Account 

Photo Crd- Khant Thiri Zaw’s Facebook Account
Photo Crd- Khant Thiri Zaw’s Facebook Account
Photo Crd- Khant Thiri Zaw’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။