သရုပ်ဆောင်ပီပြင်ကောင်းမွန်ရုံသာမကဘဲ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုနိုင်သူကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်ပဲ ဖြစ်ပါတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေတစ်ခဲနက် လက်ခံအားပေးလာတဲ့ မင်းသားတစ်လက် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နေပုံထိုင်ပုံလေးတွေကိုလည်း နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်း ကြွေနေရတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- Kyaw Htet Zaw’s Facebook Account

သူဟာ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးနေတာပဲဖြစ်ပြီး ပရိသတ်တွေကိုလည်း အနုပညာအလုပ်တွေနဲ့ အမြဲကြိုးစားပေးဆပ်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူပါဝက်သရုပ်ဆောင်ထားတဲ့ " အချစ်ဖွဲ့ လေညင်း " ဆိုတဲ့ ဇာတ်လမ်းတွဲလေး ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မင်းသမီးချောလေး သံသာမိုးသိမ့်နဲ့အတူ ပြက္ခဒိန်ကြော်ငြာလေးတွေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Zaw’s Facebook Account
Photo Crd- So Pyay Myint’s Facebook Account
Photo Crd- So Pyay Myint’s Facebook Account

ကျော်ထက်ဇော်ဟာ မကြာသေးခင်ကပဲ သူငယ်ချင်းတွေနဲ့အတူ ကရင်ပြည်နယ် ဘားအံမြို့ကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ညကတော့ သူငယ်ချင်းဖြစ်သူ စိုပြေမြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်သာထဲထွက်လာချိန်မှာသရဲခြောက်ခံလိုက်ရလို့ လန့်သွားခဲ့တဲ့ ကျော်ထက်ဇော်ရဲ့  Video လေးပဲ ဖြစ်ပါတယ်။ သူငယ်ချင်းကလည်း " ဆရာရောင်နီလန့်သွားလား

ဇာတ်လမ်းတွဲပြီးသွားလို့ ဆေးထိုးမယ်နော်

ဇာတ်လမ်းတွဲကြီး အောင်မြင်တဲ့အတွက် Congratulations ပါ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- So Pyay Myint’s And Kyaw Htet Zaw’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။