ပရိသတ်ကြီးရေ ဟာသ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ ဗီဒီယိုဇာတ်ကားတွေကနေ ယနေ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပါ ရိုက်ကူးနေရပြီး ပရိသတ်အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ကိုပေါက်က သရုပ်ဆောင်ရာမှာ ပီပြင်ကောင်းမွန်ရုံသာမကပဲ ကဗျာရေး ဇာတ်ညွှန်းရေး ဒါရိုက်တာအလုပ်ကိုလည်း လုပ်ကိုင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်......။

Photo credit - Aung Min Naing's facebook account
Photo credit - Aung Min Naing's facebook account

ကိုပေါက်က အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်ရပ်တည်နေသူဖြစ်ပြီး ပရိသတ်ရဲ့ အားပေးချစ်ခင်မှုနဲ့အတူ အနုပညာရှင်များရဲ့ ချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက်က လူအများက အားကျနေရတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ချစ်ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားပြီး သွက်သွက်လပ်လပ်နဲ့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်......။

Photo credit - Aung Min Naing's facebook account
Photo credit - Aung Min Naing's facebook account

ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ဆောင်နေပြီး အိမ်မှာနေရင်း အားလပ်တဲ့ အချိန်လေးတွေမှာ Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ ယခုမှာလည်း ကိုပေါက်က သူရဲ့ ကိုယ်ပိုင်ဉာဏ်လေးနဲ့ ရေးသားပြောဆိုထားတဲ့ ဟာသ ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ ဘဝရဲ့ တစ်နေတာအမောတွေ ပြေပျောက်စေဖို့အတွက် ကိုပေါက်ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.........။

Photo credit - Aung Min Naing's facebook account
Photo credit - Aung Min Naing's facebook account

Photo credit - Aung Min Naing's facebook account

Source  - Aung Min Naing's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။