တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ စမိုင်းလ်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကို ဖန်တီးတည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

ယနေ့လေးကတော့ စမိုင်းလ်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ Chloeရဲ့ အသက်၁၂နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပြီး စမိုင်းလ်ကတော့ ယခုမှာ တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီး သိတတ်လိမ္မာလွန်းတဲ့ ချစ်သမီးလေးရဲ့ အသက်၁၂နှစ်ပြည့်မွေးနေ့လေးမှာ ကြည်နူးစရာကောင်းလွန်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။ စမိုင်းလ်တို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ အားပေးတဲ့ ချစ်ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

သူမကတော့ " Happy 12th Birthday Chloeမေမေ့သမီးလေး ၁၂နှစ်ပြည့်ပြီ။ တိရစ္ဆာန်လေးတွေချစ်တတ်တဲ့မေ့သမီးလေး သမီးလေးရဲ့ခွေးလေးရောက်တော့မယ်နော်။ လိမ္မာသိတတ်တဲ့သမီးလေး ဘဝတစ်လျှောက်လုံးကံကောင်းပျော်ရွှင်နိုင်ပါစေ။ လူဆိုးများဘေးကဝေးပြီးကိုယ့်အပေါ်ကောင်းတဲ့သူများနဲ့သာဆုံတွေ့ရပါစေ " ဆိုပြီး ရေးသားထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: စမိုင်းလ် Smile 's facebook page 

photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page
photo credit : စမိုင်းလ် Smile 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။