ခပ်မိုက်မိုက် ပုံစံလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတာပဲဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာကို မင်းသမီးတွေများစွာနဲ့ အတွဲညီညီသရုပ်ဆောင် ခဲ့တဲ့ ပြည်သူချစ်မင်းသားလေး တစ်လက်လည်း ဖြစ်ပါတယ်။ အောင်ရဲလင်းဟာ ဒီနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှု နည်းလာပြီး ပရိသတ်တွေကို ဗဟုသုတရရှိစေမယ့် ဇာတ်ကားကောင်းတွေကိုသာ ရွေးချယ် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account

အောင်ရဲလင်းဟာ သရုပ်ဆောင်ပီပြင်ရုံသာမဟုတ်ဘဲ သီချင်းဆိုရာတွင်လည်း ကောင်းမွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ မကြာခဏ ဆိုသလို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် မကြာခဏ ဆိုသလို ဂီတာတီးကာ သီချင်းဆိုပြလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အသံလေးကိုလည်း နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်း ကြွေနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account

ဒါကတော့ အဆိုတော် မျိုးကျော့မြိုင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ " မင်းမရှိတဲ့ နေရာ " ဆိုတဲ့ သီချင်းလေးကို ဂီတာလေးတီးကာ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းဟာ လတ်တလောမှာတော့ ပြက္ခဒိန်ကြော်ငြာလေးတွေ ပြန်လည်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း နားဆင်ခံစားနိုင်အောင် အောင်ရဲလင်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Aung Ye Lin's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။