တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မလေးလို့ အားလုံးရဲ့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့တိုင်အောင် နေရာယူထားဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်သူဖြစ်ပြီး အကယ်ဒမီဆုတွေလည်း ရယူပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ ထက်ထက်က အခုချိန်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Zaw Myo Htet (Galaxy)

ထက်ထက်က သူမရဲ့ကျန်းမာရေးကိုလည်း ဂရုတစိုက်နေထိုင်နေရတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ ပြန်လည်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ နှစ်တွေအလီလီပြောင်းလဲသွားပေမယ့် ထက်ထက်ကတော့ မပြောင်းလဲတဲ့အလှတရားတွေနဲ့ အရွယ်တင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ထက်ထက်က အခုချိန်အထိ ပျိုမျစ်နုနယ်နေဆဲလည်း ဖြစ်ပါတယ်။

Photo Credit-Zaw Myo Htet (Galaxy)
Photo Credit-Zaw Myo Htet (Galaxy)
Photo Credit-Zaw Myo Htet (Galaxy)

အခုလည်း ထက်ထက်က ဖက်ရှင်လှလှလေးကိုစမတ်ကျကျဝတ်ဆင်ပြီး အလှပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ ထက်ထက်ကတော့ လူငယ်လေးတစ်ယောက်လို နုဖတ်လှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အခုချိန်အထိအရမ်းလှနေတဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦးရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Zaw Myo Htet Htet's FB Acc

Photo Credit-Zaw Myo Htet (Galaxy) 

Photo Credit-Zaw Myo Htet (Galaxy)
Photo Credit-Zaw Myo Htet (Galaxy)
Photo Credit-Zaw Myo Htet (Galaxy)
Photo Credit-Zaw Myo Htet (Galaxy)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။