တေးသီချင်းလောကမှာ နေရာတစ်နေရာကနေရပ်တည်နေပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင်ပိုပိုကတော့ လူကြီး၊လူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ပိုပိုက သီချင်းအသစ်လေးတွေကိုဆက်လက်လုပ်ဆောင်နေပြီး MTVတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်နော်။ပိုပိုရဲ့သီချင်းဟောင်းလေးတွေကလည်း ယနေ့အချိန်ထိတိုင်နားထောင်လို့ကောင်းနေဆဲဖြစ်လို့ မရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

ပိုပိုက အခုနောက်ပိုင်းမှာဆိုရင် ခပ်လန်းလန်းလေးတွေဝတ်စားဆင်ယင်လာပြီး သူမရဲ့အလှအပတွေကပိုပေါ်လွင်လာတာဖြစ်ပါတယ်နော်။ပိုပိုရဲ့သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေကစောင့်မျှော်နေကြတာဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်တိုင်းကိုစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။ပိုပိုက သူမရဲ့အိမ်အတွင်းမှာလည်း သီးပင်စားပင်လေးတွေကို ကိုယ်တိုင်တယုတယနဲ့စိုက်ပျိုးပြီး အေးချမ်းစွာနေထိုင်နေပဲဖြစ်ပါတယ်နော်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

ပိုပိုကတော့ ကျန်းမာရေးကိုလည်းလိုက်စားပြီး အလှအပကိုအထူးဂရုစိုက်တာကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။အရင်ကထက်အများကြီးပိုပိုလှလာတဲ့ ပိုပိုက အခုဆိုရင်လည်း ကြည်လင်တောက်ပနေတဲ့အသားအရည်လေးက မိတ်ကပ်မလိမ်းထားတာတောင်လှပနေတာဖြစ်တဲ့အပြင် ညအိပ်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ပိုပိုရဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:ပိုပို Facebook Page
Photo Credit:Po Po's Instagram Account
Photo Credit:Po Po's Instagram Account

Source&Photo Credit:Po Po's Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။