ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် အိအိတုန်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် ပရိသတ်အားပေးချစ်ခင်မှုနဲ့အတူ ရပ်တည်နေပြီး အနုပညာလောကမှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အိအိတုန်က ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ထွက်ရှိထားပြီး ယခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ကိုင်နေသူပဲဖြစ်ပါတယ်.....။

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

အိအိတုန်က ပရိသတ်တွေအားကျရတဲ့ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး အလိုလိုက်ပြီး ကြင်နာဂရုစိုက်မှုအပြည့်ပေးတဲ့ ခင်ပွန်းနဲ့ ဘိုမရုပ်ကလေးလို ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် သူမက နောက်ထပ်ရင်သွေးလေးတစ်ယောက်ကိုလည်း လွယ်ထားပါသေးတယ်။ အိအိတုန်က အနုပညာလှုပ်ရှားမှုအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေတာဖြစ်လို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါနော်.....။ 

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

အိအိတုန်က သူမရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျှက်ရှိပြီး ယနေ့မှာတော့ " သမီးလေးမွေးနေ့အကြိုတွက်မွေးနေ့လက်ဆောင်ပေးကြတဲ့ချစ်မများအရမ်းကျေးဇူးတင်ပါတယ်USမှာနေသောချစ်မနီကိုး‌‌ဒေါ်လာ‌တွေမုန့်ဖိုး‌ပေးလိုက်တာကျေးဇူးချစ်မမအန်တီမဂျိုးလည်းသမီးလေးအတွက်လက်ဆောင်တွေထည့်ပေးလိုက်လို့ကျေးဇူးပါရှင့်ချစ်မမများအိတုန်အလှူလုပ်မှာမို့ထည့်လှူပါ့မယ်နော်" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားအမိနှစ်ယောက်ပုံကိုပါ တင်ပေးလာတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။ 

Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account
Photo credit - Ei Tone's facebook account

Source & Photo credit - Ei Tone's facebook account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။