ဝါသနာပါရာ အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်နေကြပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကြသူတွေကတော့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အရမ်းကို လိုက်ဖက်ညီလွန်းကြပြီး ပရိသတ်တွေရဲ့ စံပြအတွဲလေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို အတူတူလျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account

သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာလည်း လေးနှစ်ကျော်ပြီပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို ခရီးလေးတွေလည်း သွားလေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေထံ အမြဲဝေမျှပေးနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူတို့နှစ်ယောက်ဟာ မန္တလေးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ မှာတည်ရှိတဲ့ (၇)မိုင် ကမ်းခြေက မကြာမီ ဖွင့်လှစ်တော့မယ့် Mandalay Water Boom ကို သွားရောက်လည်ပတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Warso Moe Oo's Facebook Account
Photo Crd - Tyron Bejay's Facebook Story

အခုမှာလည်း ဝါဆိုမိုးဦးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူသီချင်းဆိုနေတာကို ဘေးကနေထိုင်ကြည့်ကာ ချစ်မဝဖြစ်နေတဲ့ ဝါဆိုမိုးဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးကတော့ အဆိုတော် ဒိုးလုံးရဲ့ နာမည်ကြီးသီချင်းတွေကို အားရပါးရ သီဆိုနေတာပဲ ဖြစ်ပါတယ်။ ဒီအတွဲလေးကို ချစ်တဲ့ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Warso Moe Oo's and Tyron Bejay's Facebook Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။