မင်းသမီးချောလေးပက်ထရစ်ရှာကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ယခုမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။

photo credit : Sue Sha Naing 's facebook acc
photo credit : Sue Sha Naing 's facebook acc

သူမကတော့ အမိုက်စားဖက်ရှင်လေးတွေကို အထာကျကျဝတ်ဆင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိပါတယ်။ အမိုက်စားtiktokလေးတွေ ၊ ရယ်မောစရာကောင်းတဲ့ tiktokလေးတွေကို ဆော့ကစားလေ့ရှိတဲ့ သူမကတော့ ချိုသာပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားကာ ယောကျာ်းလေးတွေရဲ့ အားပေးမှုကိုပါ ရရှိရုံတင်မဟုတ်ဘဲ မိန်းကလေးတွေရဲ့ အားပေးမှုကိုပါ ရရှိထားသူလေးဖြစ်ပါတယ်။

photo credit : Sue Sha Naing 's facebook acc
photo credit : Patricia (Sue Sha Naing) 's facebook page

သူမကတော့ ယခုမှာ ရယ်နေရတဲ့ tiktokလေးကိုဆော့ကစားထားကာ Englishစကားလုံးတွေကို ထိုင်းလေသံနဲ့ပြောပြီး အူတတ်အောင်ရယ်နေရလို့ ကြည်ရူသူပရိသတ်တွေများပြားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကတော့ "ပီအောင်ပြောစမ်း! ထိုင်းသံနဲ့ " ဆိုပြီး ရယ်မောစရာtiktokလေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပက်ထရစ်ရှာရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: Patricia (Sue Sha Naing) 's facebook page 

photo credit : Sue Sha Naing 's facebook acc
photo credit : Patricia (Sue Sha Naing) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။