ကမ္ဘာအနှံ့ရှိ အန္တရာယ်အများဆုံး ပင်လယ်ကမ်းခြေတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Darwin" ဒါဝင် ကမ်းခြေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုနေရာဟာ သဘာဝရှုခင်းတွေနဲ့ အလွန်လှပသော ကမ်းခြေတစ်ခုဖြစ်သော်လည်း အင်မတန် ကြောက်စရာကောင်းသော ရေနေသတ္တဝါများကြောင့် ခရီးသွား ဧည့်သည်တွေအတွက် အန္တရာယ်များသော အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့တာပါ။ ဒါကြောင့်မလို့ သြစတြေးလျနိုင်ငံ မြောက်ပိုင်း၊ ဒါဝင်မြို့အနီးရှိ ကမ်းခြေမှာသာမက အဲ့အနီးအနားပတ်ဝန်းကျင် ဘယ်နေရာမှာမဆို ရေထဲသို့ ခြေချောင်းများနှစ်ထားပါက သံမဏိ နာဗ်ကြောများရှိရန် လိုအပ်တယ်လို့ တင်စားပြောဆိုကြတာပါ။

photo credit pngtree

ဒါဝင်ဆိပ်ကမ်းနှင့် အနီးပတ်ဝန်းကျင်နေရာတွေကို သာယာကြည်နူးကြသူများဟာ ဂျယ်လီငါးများ၊ မိကျောင်းများနှင့် ငါးမန်းအစရှိတဲ့ အဏ္ဏဝါ သတ္တဝါတွေကို စူးစမ်းလိုကြသူများ ဖြစ်ပါတယ်။ jellyfish လို့ခေါ်တဲ့ ရေခူများဟာ အောက်တိုဘာလနှင့် မေလကြားမှာသာ ကမ်းခြေသို့ လာရောက်သူများအတွက် ပြဿနာတစ်ရပ်ဆိုသော်လည်း ရေငံ မိကျောင်းတွေကတော့ တစ်နှစ်ပတ်လုံး ထိုနေရာမှာ ရှိနေကြတာပါ။ သတင်းတစ်ခုရဲ့ အဆိုအရ ဒါဝင် ဆိပ်ကမ်းနယ်မြေမှာ ရက်သတ္တပတ်ကို မိကျောင်းလေးကောင် ဖမ်းမိတယ်လို့ ဆိုပါတယ်။

photo credit pngtree

၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်က ဒါဝင် ပင်လယ်ကမ်းခြေနေရာတွေရှိ ရေထဲမှာ ဗက်တီးရီးယားပိုးများကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ သွားရောက်လည်ပတ်ဖို့ များစွာသော လှပသန့် ရှင်းတဲ့ ကမ်းခြေများစွာ ရှိနေတာကြောင့် ကြောက်မက်ဖွယ် ရေသတ္တဝါများရဲ့ အစားခံရခြင်း၊ အကိုက်ခံရခြင်းတို့ ဖြစ်နိုင်ချေနည်းပါးတဲ့ နေရာများသို့သာ သွားရောက်လည်ပတ်သင့်ကြောင်း ဒေသခံပြည်သူများက သတိပေးပြောဆိုကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။