ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် အမိုက်စား body နဲ့ ပုရိသတွေနဲ့ အသည်းတွေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ မော်လ်ဒယ်မလေး နန်းခင်ဇေယျာ ကိုတော့ ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ နန်းခင်ဇေယျာ ကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတာကိုတွေ့ပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကြောင့်လည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ
Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ

ဒါ့အပြင် နန်းခင်ဇေယျာ ကတော့ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း ကူညီတက်သလို လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပေးတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာ အလုပ်တွေကို ခဏတာရပ်နားထားခဲ့ရတဲ့ နန်းခင်ဇေယျာ ဟာ တက်စွမ်းနိုင်သလောက် စားချင်စရာကောင်းလောက်တဲ့ မာလာရှမ်းကော လုပ်ပြီး ကိုယ်တိုင် delivery လုပ်ရောင်းနေတာကိုလည်းတွေ့ရပါတယ်။ ယခုဆိုရင်လည်း နန်းခင်ဇေယျာ က ပရိသတ်တွေအချစ်ပိုစေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ
Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ

ဒီပုံလေးတွေထဲမှာတော့ နန်းခင်ဇေယျာ က ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးကိုဝတ်ထားကာ ဆွဲဆောင်မှုရှိလှတဲ့ အလှတရားတွေနဲ့ ရင်ခုန်သွားရလောက်အောင် ညို့အားပြင်းပြင်းဖမ်းစားထားတဲ့ ပုံရိပ်လေးတွပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့အတူ နန်းခင်ဇေယျာ က "မလှဘူးပြောရင်ငိုလိုက်မယ်" ဆိုပြီး ပရိသတ်တွေချစ်အားပိုစေမယ့်စာသားလေးကို ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ရေ ရိုးရှင်းပြီး အေးချမ်းတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းနေတဲ့ နန်းခင်ဇေယျာ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nang Khin Zay Yar - နန်းခင်ဇေယျာ

Source - Nang Khin Zay Yar - နန်းခင်ဇေယျာ's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။