အဆိုတော်မလေး ပိုပိုကတော့ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပတာကြောင့် ဝန်းရံအားပေးသူတွေ များပြားနေတာပဲ ဖြစ်ပါတယ်။ ပိုပိုက တေးသီချင်းပေါင်းမြောက်များစွာကို သီဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း သီချင်းတွေ ရေးစပ်လေ့ရှိတာ ဖြစ်ပါတယ်။ ပိုပိုက လက်ရှိမှာလည်း ပရိသတ်တွေအတွက် ရသမျိုးစုံပေးနိုင်မယ့် သီချင်းအသစ်တွေကို ဆက်တိုက်ဆိုသလို ဖန်တီးနေတာ ဖြစ်ပါတယ်။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

မကြာသေးခင်ကလည်း ပိုပိုက စိုင်းဝဏ္ဏအောင်၊ နေဆန်းတို့နဲ့အတူ သီချင်းဗီဒီယိုလေးတစ်ခုကို ရိုက်ကူးမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုက လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေးဖြစ်ပြီး ခေတ်မှီလှပတဲ့ ဖက်ရှင်လေးတွေကို ဝတ်စားဆင်ယင်လေ့ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အားကစားလိုက်စားတဲ့ ပိုပိုက အခုလည်း အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

ပိုပိုက လေ့ကျင့်ခန်းလုပ်နေရင်း အနားယူချိန်လေးမှာ အထာကျကျပုံစံလေးနဲ့ အပီအပြင်ဓာတ်ဖမ်းထားတာလည်း ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေ ပေါ်လွင်နေပြီး အလန်းစားဖြစ်နေတဲ့ ပိုပိုကတော့ အရမ်းကိုညို့အားပြင်းပြင်းလှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရင်ခုန်ချင်စရာကောင်းလောက်အောင် အမိုက်စားပို့စ်လေးတွေပေးနေတဲ့ ပိုပိုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-"ပိုပို" Facebook Page  

Photo Credit-"ပိုပို" Facebook Page
Photo Credit-popo_singer's IG Acc
Photo Credit-"ပိုပို" Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။