သရုပ်ဆောင်kညီကတော့ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဟာသဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို ဘဝအမောတွေပြေစေကာ ပျော်ရွှင်ရယ်မောစေခဲ့တဲ့ kညီကတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : K Nyi 's facebook acc
photo credit : K Nyi 's facebook acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်Kညီကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပြီး ချစ်စရာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ kညီကတော့ ယခုမှာ အကျီဆိုင်လေးကို ဖွင့်လှစ်ထားတာပဲ ဖြစ်ပြီး သူရဲ့ အကျီဆိုင်လေးကို သတိတရနဲ့လာရောက်ကာ ဝယ်ယူအားပေးခဲ့တဲ့ မင်းသမီးချောလေး ရွှေသမီးကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

photo credit : K Nyi 's facebook acc
photo credit : K Nyi 's facebook acc

kညီကတော့ " Todayတော်ဝင်စင်တာပထမထပ်က ကျွန်တော်အကျီဆိုင်လေးကို သတိတရနဲ့ဝင်ပြီး အားပေးသွားတဲ့ မင်းသမီးချောလေး ရွှေသမီး ကျေးဇူးပါ ညီမလေးရေ ဒီထက်မကအောင်မြင်တိုးတက်ပါစေ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်kညီရဲ့ အကျီဆိုင်လေးကို လာရောက်အားပေးခဲ့တဲ့ မင်းသမီးချောလေးရွှေကစ်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: K Nyi 's facebook acc

photo credit : K Nyi 's facebook acc
photo credit : K Nyi 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။