ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ လန်ဒန်မြို့က ထင်ရှားကျော်ကြားသော "Coca-Cola London Eye" လို့အမည်ရတဲ့ ကိုကာကိုလာ ချားရဟတ်ကြီး အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုချားရဟတ်ကြီးအကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်း ပြည်ပ အားကစား သတင်း(E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

ကိုကာကိုလာ လန်ဒန်ရဟတ်လို့ ထင်ရှားသော နေရာဟာ လန်ဒန်မြို့ရဲ့ အကောင်းဆုံးရှုခင်းတွေကို အပေါ်စီးမှကြည့်ရှုနိုင်ရန် ထိုင်ခုံတွဲ ၃၂ ခု တပ်ဆင်ထားတဲ့ ချားရဟတ်ကြီးဖြစ်ပါတယ်။ အလေးချိန် ၁၀ တန်စီလေးတဲ့ ထိုင်ခုံတွဲ တစ်ခုမှာ လူ ၂၅ ဦး လိုက်ပါ စီးနင်းနိုင်တာ ဖြစ်ပါတယ်။ အသက်ရှူရပ်လုနီးပါး ရင်ခုန်စိတ်လှုပ်ရှားစေမယ့် ထိုရဟတ်ကြီးကို တစ်ကြိမ်စီးရင် ၂၃ ပေါင်ပေးကြရပြီး ရဟတ် တစ်ကြိမ် လှည့်ရင် မိနစ် ၃၀ ကြာမြင့်တာ ဖြစ်ပါတယ်။

လန်ဒန်မျက်လုံးလို့ တင်စားတဲ့ ထိုချားရဟတ်ကြီးဟာ ထောင်ပြည့်နှစ် ရဟတ်ကြီး(Millennum Wheel)လို့လည်း ထင်ရှားကာ ၁၃၅ မီတာ(၄၄၃ ပေ) မြင့်ပြီး သိမ်းမြစ်ကမ်းပေါ်မှာ တည်ဆောက်ထားတာပါ။ ဗြိတိန်နိုင်ငံရဲ့ လူသိအများဆုံး အလည်အပတ်နေရာတစ်ခုဖြစ်တဲ့ လန်ဒန်အိုင်းသို့ နှစ်စဉ်ပျမ်းမျှ လာရောက်လည်ပတ်သူ ၃ ဒသမ ၅ သန်းရှိပါတယ်။ ၁၉၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ထိုချားရဟတ်ကြီးဟာ အဲ့ခေတ်အခါတုန်းက ကမ္ဘာမှာအမြင့်ဆုံး ရဟတ်ဖြစ်ခဲ့သော်လည်း ယခုအချိန်မှာတော့ စင်္ကာပူနိုင်ငံမှ Singapore Flyer ဟာ ၁၆၅ မီတာမြင့်သဖြင့် ကမ္ဘာ့အမြင့်ဆုံး ရဟတ်ကြီးအဖြစ် ရပ်တည်နေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။