အဆိုတော်စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure လေးကတော့ မကြာသေးခင်ကမှ(၁၁)လပြည့်သွားပြီဖြစ်ပြီး မေမေ့ရဲ့အနီးကပ်ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း Treasure လေးကို အရမ်းချစ်နေကြတာဖြစ်လို့ ကလေးလေးကိုအမြဲစောင့်ကြည့်ပြီးပိုပိုချစ်နေရတာပါနော်။Treasure လေးက မေမေနဲ့ချွတ်စွပ်တူပြီး နှုတ်ခမ်းထော်ထော်လေးကလည်း ပိုပြီးတော့တောင်ချစ်ဖို့ကောင်းစေတာဖြစ်ပါတယ်။

Photo Credit:Sandy Myin Lwin's Facebook Account
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page

စန္ဒီမြင့်လွင်တို့သားအမိနှစ်ယောက်ကတော့ ပုံတူထုထားသလားလို့ထင်ရလောက်အောင် အမွှာတွေလိုမျိုးတူကြတာဖြစ်ပါတယ်။မေမေနဲ့တူတဲ့Treasure လေးက ကြီးလာရင်မေမေ့လိုအချောလေးဖြစ်မှာဖြစ်ပြီး လူချစ်လူခင်ပေါများဦးမယ့်ကလေးလေးဖြစ်ပါတယ်နော်။အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်က သမီးလေးကို ဆေးရုံမှာကာကွယ်ဆေးသွားထိုးပေးကြတာဖြစ်ပါတယ်။

Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page

Treasure လေးကတော့ ကာကွယ်ဆေးမထိုးခင်မှာ ရယ်မောပျော်ရွှင်စွာဆော့ကစားနေပြီး အသည်းယားစရာကောင်းလောက်အောင် မျက်နှာလေးကိုအမျိုးမျိုးလုပ်ပြနေတာဖြစ်ပါတယ်။ဆေးထိုးနေချိန်မှာတော့ အကြီးအကျယ်အော်ငိုနေတဲ့ Treasure လေးကို မေမေဒီဒီးက ဓာတ်ပုံအမိအရရိုက်ထားတာဖြစ်ပြီး ငိုနေတဲ့ပုံလေးတောင် အရမ်းချစ်ဖို့ကောင်းနေတဲ့Treasure ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page
Photo Credit:Khin Lin Htin_Treasure's Facebook Page

Source&Photo Credit:Khin Lin Htin_Treasure's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။