ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဦးမန်းဝင်းကတော့ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးအခြေအနေ မတည်ငြိမ်လို့ အားလုံးက စိတ်ပူခဲ့ရပါတယ်နော်..။

ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ကတည်းက ခွဲစိတ်မှုတွေ ပြုလုပ်ပြီး ဆယ်ရက်ကျော်ကြာတဲ့အထိ သတိပြန်မလည်လာလို့ မိသားစုတွေနဲ့ ပရိသတ်တွေအားလုံးက စိတ်ပူခဲ့ကြတာပါ..။

Photo Credit - San San Phyu's Fb Acc
Photo Credit - San San Phyu's Fb Acc

ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ကာ ဆေးရုံနှစ်ရုံပြောင်းရွှေ့ကုသခဲ့ပေမယ့် သတိပြန်မရသေးလို့ နေအိမ်ကိုသာ ပြန်ခေါ်လာခဲ့တဲ့ ဦးမန်းဝင်းကတော့ အခုဆိုရင် အားလုံးရဲ့ ဆုတောင်းမေတ္တာတွေကြောင့် ပြန်နိုးလာပါပြီနော်..။

ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာလေးတွေနဲ့အတူ သတိပြန်လည်ကာ နိုးလာတဲ့ ဦးမန်းဝင်းရဲ့ လက်ရှိအခြေအနေလေးကိုတော့ "အဖေ ပြန်နိုးလာပြီလားဟင်.." ဆိုပြီး ဦးမန်းဝင်းရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမှျှအသိပေးထားတာ ဖြစ်ပါတယ်နော်..။

သတိရပြန်နိုးခဲ့လို့ မိသားစုတွေနဲ့ ပရိသတ်တွေအားလုံးက ဝမ်းသာနေကြပြီး ဦးမန်းဝင်းတစ်ယောက် အရင်လို ကျန်းကျန်းမာမာနဲ့ နေပြန်ကောင်းဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းစကားလေးတွေ ဆိုထားကြပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဦးမန်းဝင်းရဲ့ ဝမ်းသာစရာ သတင်းကောင်းလေးကို ပရိသတ်တွေအားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်တာမို့ သဘောကျဝမ်းသာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Source & Photo Credit - Man Win Fb Page & San San Phyu's Fb Acc

Photo Credit - San San Phyu's Fb Acc
Photo Credit - Man Win Fb Page

Photo Credit - Man Win Fb Page
Photo Credit - Man Win Fb Page

Source & Photo Credit - Man Win Fb Page & San San Phyu's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။