ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သမိုင်းဝင် "Ardennes" အာဒီနီးစ် သစ်တောဒေသ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အာဒီနီးစ် ဒေသဟာ ထူထပ်သော သစ်တောများနှင့် ကြမ်းတမ်းသော မြေပြင် အနေအထားရှိတာ ဖြစ်ပါတယ်။ သစ်များ၊ သတ္တုများ၊ တောရိုင်း တိရိစ္ဆာန်များလည်း ပေါများတာအပြင် အာဒီနီးစ်ဟာ ဥရောပရဲ့ ဗျူဟာမြောက် နေရာတစ်ခုလို့လည်း ပြောရမှာပါ။ ပထမနှင့် ဒုတိယ ကမ္ဘာစစ် တုန်းက ဂျာမနီတို့ဟာ ပြင်သစ်တို့ကို တိုက်ခိုက်ရန် အာဒီနီးစ်ဒေသကို ဖြတ်သန်းရာ လမ်းကြောင်းတစ်ခုအဖြစ် အောင်မြင်စွာ အသုံးပြုခဲ့ကြတာကြောင့် နာမည်ကျော် စစ်ပွဲများ ဖြစ်ပွားခဲ့တဲ့ နေရာလို့ လူသိများထင်ရှားတာ ဖြစ်ပါတယ်။

photo credit pngtree

၂၀ ရာစုအတွင်း အာဒီနီးစ်မှာ အဓိက တိုက်ပွဲ သုံးပွဲဖြစ်ပွားခဲ့ရာ ၁၉၁၄ ခုနှစ်မှာ အာဒီနီးစ် တိုက်ပွဲ၊ ၁၉၄၀ ပြည့်နှစ်မှာ ပြင်သစ်တိုက်ပွဲ၊၁၉၄၄ ခုနှစ်မှာ ဘားလ်ဂ်တိုက်ပွဲတို့ ဖြစ်ကြပါတယ်။ အာဒီနီးစ် တိုက်ပွဲအတွင်း မြူနှင်းများ ပိတ်ဆို့အောင်ကျနေတာကြောင့် နှစ်ဖက်စစ်သားများ တစ်ယောက်နှင့် တစ်ယောက် နှင်းများကြားမှာ တိုက်ခိုက်မိခဲ့ကြပါတယ်။ ၁၉၄၄ ခုနှစ် ဆောင်းရာသီမှာ ဘယ်လ်ဂျီယံ ၊ ဝေါလိုနီးယားရှိ အာဒီနီးစ်ရဲ့ ထူထပ်သော သစ်တောများကြားမှာ ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့ရာ နောက်ပိုင်းမှာ ဘားလ်ဂ်တိုက်ပွဲများလို့ ထင်ရှားခဲ့ပါတယ်။

photo credit pngtree

ဒါ့အပြင် ဟစ်တလာကလည်း အမေရိကန်ရှေ့တန်းတပ်များအား တွန်းလှန်ဖို့အတွက် အာဒီနီးစ်သို့ အင်အား သုံးသိန်း ပါဝင်သော တပ်မ နှစ်ခုကို ပို့လွှတ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ဦးပိုင်းအထိ နာဇီတို့ထံမှ အာဒီ နီးစ်သစ်တောများကို ပြန်လည်မရယူနိုင်ခဲ့ပါဘူး။ ယခုအခါမှာတော့ ကမ္ဘာအနှံ့ကခရီးသွားတို့က အာဒီနီးစ်သစ်တောများမှာ အမဲလိုက်၊ စက်ဘီးစီး၊ လမ်းလျှောက်၊ လှေလှော်ကြရင်း သမိုင်းဝင် အမှတ်အသားများကို လေ့လာနိုင်ကြကာ ထင်ရှားသော ခရီးသွား နေရာတစ်ခုဖြစ်လာပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။