ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ (၂၃)နှစ်အရွယ်သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားအမိနှစ်ယောက်က အေးအေးချမ်းချမ်းနဲ့ပျော်ရွှင်စွာနေထိုင်နေကြတာပဲဖြစ်ပါတယ်။မြူလင်းကိုကိုက ဟိုးအရင်ကတည်းက သြစတေးလျမှာ ကျောင်းတက်ခဲ့ပြီး အခုချိန်မှာတော့ ကျောင်းလည်းပြီးလို့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေကာ မေမေတို့ရဲ့အလုပ်တွေကို တစ်ဖက်တစ်လမ်းကနေကူညီလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

မြူလင်းကိုကိုက မေမေ့ရဲ့သွေးအပြည့်ပါလို့အနုပညာကိုဝါသနာပါပြီး လက်ရှိမှာလည်း အနုပညာအလုပ်နဲ့ပက်သက်တာလေးတွေကိုလေ့လာနေတာဖြစ်ပါတယ်။မေမေလင်းဇာနည်ဇော်ကလည်း ပွဲတွေတက်ရင် သမီးလေးကိုပါအတူတူခေါ်သွားလေ့ရှိပြီး သားအမိနှစ်ယောက်က သွားအတူ၊လာအတူ၊စားအတူနဲ့ အဖော်ရနေကြတာဖြစ်ပါတယ်။မေမေလင်းဇာနည်ဇော်ကလည်း သမီးလေးနဲ့ဆိုရင် ညီအစ်မတွေလို့ထင်မှတ်ရလောက်အောင် နုပျိုလှပနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

မြူလင်းကိုကိုကတော့ အမေတူသမီးလေးဖြစ်လို့ အရုပ်မလေးလိုအရမ်းချစ်စရာကောင်းပြီး အသားအရည်လေးကလည်းဖြူဖွေးနုဖတ်နေတာဖြစ်ပါတယ်။တစ်နေ့တစ်ခြားပိုပိုပြီး လှသွေးကြွယ်လာတဲ့ မြူလင်းကိုကိုလေးက ကြွေရုပ်လေးလိုအမြဲလှပနေတာပါနော်။အခုဆိုရင်တော့ မိန်းကလေးချင်းတောင်အားကျရလောက်မယ့် အလှအပတွေကို ပိုင်ဆိုင်ထားတဲ့ မြူလင်းရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

Source&Photo Credit:Myu Lin Ko Ko's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။