ပရိသတ်ကြီးရေ မင်းသားချော နေမင်းကတော့ အနုပညာလောက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း အချစ် ၊ အလွမ်း ၊ ဖိုက်တင် ဇာတ်ရုပ်တွေကို သဘာဝကျကျနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူဖြစ်သလို အကောင်းဆုံး ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်အပါဝင်ပါပဲနော်..။ ဒါ့အပြင် ယောကျာ်းပီသတဲ့ အရပ် ၊ အမောင်းတွေအပြင် ဆွဲဆောင်မှုရှိလှတဲ့တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းသည်းလှုပ်အားပေးဝန်ရံခြင်းခံရတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Nay Min
Photo Credit - Nay Min

နေမင်းဟာ အမြဲလိုလို အေးအေးဆေးဆေး နဲ့ နေတက်သလို ယနေ့အချိန်ထိလည်း အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်တော့ နေမင်း ဟာ အမျိုးတွေရှိတဲ့ ရွာလေးကိုအလည်သွားရောက်နေတာဖြစ်ပြီး သာယာပတဲ့ ရွာလေးမှာ မိသားစုလေးတွေနဲ့ စုံစုံလင်လင် ပျော်ရွှင်စရာကောင်းလောက်တဲ့ ပုံရိပ်လေးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။

Photo Credit - Nay Min
Photo Credit - Nay Min

နေမင်းဟာ ယခုတစ်ခါမှာလည်း မကြာသေးမှီက မွေးထားတဲ့ တူလေးကို ပွေ့ဖက်ချီပြီး ချစ်မဝဖြစ်နေတဲ့ ပုံရိပ်လေးတွေနဲ့ မြင်းစီးနေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။ ဒီပုံလေးတွေနဲ့လည်း နေမင်း က " ကလေးလည်း ချစ်တတ်သလို ...ကလေးလည်းကောင်းကောင်းချီတတ်သော လူပျိုကြီး နှင့် ရက်သာမျှရှိသေးသောတူ အသစ်စက်စက်လေးရယ်...တူ တူမ လေးများရယ်.." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုဆိုရင်တော့ ကလေးချစ်တက်တဲ့ လူပျိုကြီးနေမင်း ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Min
Photo Credit - Nay Min

Photo Credit - Nay Min

Source - Nay Min's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။