အဆိုတော်အာဇာနည်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းလေးတွေကို သီဆိုတတ်တဲ့ အာဇာနည်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ အာဇာနည်ကတော့ မိသားစုကို အချိန်အပြည့်အဝပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အာဇာနည်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို ဖန်တီးထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အာဇာနည်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

ပရိသတ်တွေ ချစ်ခင်ရတဲ့ အဆိုတော်အာဇာနည်ကတော့ ယခုမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့အတူ ဆုံပြီး ဂီတာတွေတီးကာ ပျော်ရွှင်နေခဲ့ပါတယ်။ အာဇာနည်ကတော့ " ဒီသူငယ်ချင်းတွေဆုံချင်လို့ဆုံဖြစ်တာ " ဆိုပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အာဇာနည်ရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Zarni Myonyunt 's facebook acc

photo credit : Zarni Myonyunt 's facebook acc
photo credit : Zarni Myonyunt 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။