ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပွင့်လင်းရိုးသားလွန်းတဲ့ သူမရဲ့ ပြောဆိုပုံလေးတွေကြောင့် ပရိသတ်အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။ သူမက အနုပညာလမ်းကြောင်းပေါ်ကို အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ကာ အပြုံးမပျက်ပဲ ရောက်ရှိလာသူလေးပါနော်။ အခုအချိန်မှာတော့ သူမက ပရိသတ်တွေသာမကပဲ အနုပညာရှင် မောင်နှမတွေကပါ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

ဖြူဖြူထွေးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ photo shootingတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး သူမ အားလပ်တဲ့အချိန်လေးတွေမှာလည်း ပရဟိတလုပ်ငန်းတွေကို တက်အားသရွေ့လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာ အသေအချာပါပဲနော်.။ ဖြူဖြူထွေးက မကြာခဏဆိုသလို သူမရဲ့လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်.....။ 

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

ယခုမှာလည်း ဖြူဖြူထွေးက မြင်ရသူတိုင်းရဲ့ ရင်ကို အေးချမ်းသွားစေလောက်တဲ့ အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံရိပ်လေးတွေအပြင် " အဖြူရောင်လေးဟာ ဖြူဖြူထွေးရဲ့အမှတ်အသားပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..........။ 

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Phyu Phyu Htwe' s facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။