ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိအိတုန်ကတော့ ပရိသတ်တွေအားလုံးနဲ့ရင်းနှီးမှုရရှိနေပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အိအိတုန်က ဗီဒီယိုတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့နေရာကနေ တာဝန်ကျေပွန်အောင် အကောင်းဆုံးသရုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။ အိအိတုန်အနေနဲ့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့ပြီး ဇာတ်ကားတွေ အမြောက်အများရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

လက်ရှိမှာတော့ အိအိတုန်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် Online Shopping အလုပ်ကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အိအိတုန်က ချစ်စရာကောင်းတဲ့သမီးချောလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားရသလို ဒုတိယမြောက်ကိုယ်ဝန်ကိုလည်း လွယ်ထားရပြီ ဖြစ်ပါတယ်။ မနေ့ကတော့ အိအိတုန်က အိမ်မှာနေရင်း Live လွှင့်ပြီး ပရိသတ်တွေနဲ့ပျော်ပျော်ပါးပါး စကားပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

ကိုယ်ဝန်သည်လေးဖြစ်နေတဲ့ အိအိတုန်ကတော့ ချစ်ခင်ပွန်းဆီက ဂရုစိုက်ကြင်နာမှုတွေကို ပိုမိုရရှိထားပြီး Live လွှင့်နေရင်းနဲ့တောင် အချော့ခံလိုက်ရတာ ဖြစ်ပါတယ်။ Live ပြီးခါနီးလေးမှာ အိအိတုန်ရဲ့ခင်ပွန်းက သူ့ကိုစိတ်ကောက်နေတဲ့ ချစ်ဇနီးချောလေးကို ချက်ချင်းဆိုသလို အနမ်းလေးပေးကာ ချော့လိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် အိအိတုန်ရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Ei Tone's FB Acc

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။