မင်းသမီးချောလေးမယ်လိုဒီကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Melody Myo 's facebook acc
photo credit : Melody Myo 's facebook acc

ပရိသတ်တွေရဲ့ အချစ်ကိုလည်း ရရှိထားတဲ့ သူမကတော့ ခေးမေလေးဖြစ်ပေမယ့်လည်း အရွယ်တင်နုပျိုလှပပြီး အလှမပျက်ဘဲ ချစ်စရာကောင်းနေကာ လှပနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လျက်ရှိနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Melody Myo 's facebook acc
photo credit : Melody Myo 's facebook acc

သူမကတော့ ယခုမှာ ချစ်စရာကောင်းတဲ့သားချောလေးနဲ့အတူ အပြင်ထွက်ရင်း ချစ်ချစ်ခင်ခင်နဲ့ပျော်ရွှင်နေကြပါတယ်။ သူမတို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးမယ်လိုဒီတို့ သားအမိရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Melody Myo 's facebook acc

photo credit : Melody Myo 's facebook acc
photo credit : Melody Myo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။