ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံလေးတွေနဲ့ ပွင့်လင်းရိုးသားလွန်းတဲ့ စကားပြောဆိုပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ သံသာက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေကလည်း ပရိသတ်တွေ အကြိုက်တွေ့နေရတာပဲ ဖြစ်ပါတယ်....။ 

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

သူမက လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ Photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေပြီး ဇာတ်လမ်းတွေကိုလည်း လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ သံသာ ပါဝင်သရုပ်ဆောင်ထားတဲ့ တတိယမြောက်ဇာတ်လမ်းတွဲလေး " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးက လတ်တလောပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာပါနော်။ ဇာတ်လမ်းတွဲလေးက မနေ့ညက ဇာတ်သိမ်းသွားတာဖြစ်လို့ ပရိသတ်တွေနဲ့ ခွဲရတော့မယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတာကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ Liveလွှင့်ပြီး ပြောထားပါသေးတယ်.......။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

အချစ်တော်မလေး သံသာမိုးသိမ့်ရဲ့ Live ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း သံသာရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့ခဲ့ပါနဲ့အုန်းနော်။ နောက်ပိုင်းမှာလည်း သံသာပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးတွေကိုလည်း ချစ်ပရိသတ်တွေက ဆက်လက်စောင့်ကြည့်အားပေးဖို့ တောင်းဆိုလိုက်ပါတယ်နော်.....။

Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account
Photo credit - Than Thar Moe Theint's facebook account

Source & Photo credit - Than Thar Moe Theint's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။