ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးလာတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် ခင်သဇင် ဟာ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့အပြင် ပရဟိတလုပ်ငန်းတွေလည်း လုပ်ကိုင်ပေးတာကိုတွေ့ရပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ခင်သဇင် ကတော့ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးအပြင် အရပ်ရှည် စမက်ကျလွန်းပြီး ဘယ်လိုဖက်ရှင်မျိုးတွေပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိကာ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးပါနော်...။လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခဏတာရပ်နားထားပြီး အိမ်မှာပဲအနားယူနေထိုင်နေတာပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း မြင်သူတိုင်း ငေးမောသွားရစေလောက်မယ့် သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ဒီပုံလေးတွေထဲမှာတော့ ခင်သဇင် က လိုက်ဖက်လွန်းလှတဲ့ အမိုက်စားဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ဆင်ပြီး နေကာမျက်မှန်တပ်ကာ ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ခင်သဇင်က "အချစ်ဖွဲ့လေညင်းလေး ဇာတ်သိမ်းသွားပေမယ့် အမြဲ ချစ်ကြမယ်နော် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီရေ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေတွေချစ်အားပိုအောင် ဖမ်းစားထားတဲ့ ခင်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

Photo Credit - Khin Thazin

Source - Khin Thazin's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။