ဒီတစ်ပါတ်မှာတော့ ကမ္ဘာပေါ်ရှိ အမြန်ဆုံး မီးရထားများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hokuriku Shinkansen"ရှင်ကန်စန် ကျဉ်ဆံရထားအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လက ဟိုကူရီကူ ရှင်ကန်စန် မီးရထား စတင်ပြေးဆွဲခဲ့သော နေ့မှာပဲရထား လက်မှတ်များဟာ ၂၅ စက္ကန့် အတွင်း စံချိန်တင် ရောင်းကုန်ခဲ့တာ ဖြစ်ပါတယ်။ ထိုရထားလက်မှတ်တွေ စံချိန်ချိူးရလောက်အောင် အချိန်တိုအတွင်း ဘာကြောင့် ကုန်သွားခဲ့သလဲ၊ ဘယ်လိုရထားမျိုး ဖြစ်တာကြောင့်လဲဆိုတာကို ဆက်လက် ဖော်ပြပေးသွားပါ့မယ်။

photo credit pngtree

ရထားလိုင်းကို စတင်ဖွင့်ခြင်းမှာပဲ တိုကျိုမှ တိုရာမာနှင့် ကာနာဇာဝါ မြို့များသို့ မီးရထား စီးနင်းချိန်များ လျှော့ချနိုင်တာဖြစ်ကြောင်း ကြော်ငြာလိုက်တာကြောင့် လက်မှတ်များ အလွန်လျင်မြန်စွာ ကုန်သွားတာ ဖြစ်ပါတယ်။ ထိုရထားခရီးဟာ တစ်နာရီကို ၁၆၁ မိုင်နှုန်းဖြင့် ဂျပန်နိုင်ငံ တောင်တန်းများကို ဖြတ်ကျော်လျက် လေးနာရီ မောင်းနှင်ခဲ့ရတဲ့ ခရီးကို နှစ်နာရီဖြင့် အရောက် ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုကျည်ဆန်ရထားကြီးမှာ သမိုင်းဝင် မှတ်တမ်းမှတ်ရာတွေလည်း ရှိပါသေးတယ်။

photo credit pngtree

အဲ့ဒါကတော့ ဂျပန်နိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကာနာဇာဝါဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ဘေးစစ်ဒဏ်မှ လွတ်ကင်းခဲ့တဲ့ သမိုင်းဝင် ဂင်ရှာ ခရိုင်အတွင်း တည်ရှိနေခဲ့ပါတယ်။ တစ်ချိန်က ဆာမူရိုင်းများနှင့် အိမ်နီးချင်းဖြစ်ခဲ့သော ကာနာဇာဝါမြို့ဟာ ဆွဲဆောင်မှုများစွာရှိနေကာ ဂျပန်နိုင်ငံရဲ့ အလှပဆုံး ဥယျာဉ်မြို့တော်များအနက် တစ်ခုဖြစ်ပါတယ်။ ကျည်ဆန်ရထား မပြေးဆွဲမီက ကာနာဇာဝါမြို့ဟာ ပြည်တွင်းခရီးသွားများ နှစ်ခြိုက်ကြတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ရထား ပြေးဆွဲနိုင်ခဲ့ချိန်မှာတော့ ပြည်ပ ခရီးသွားများကို ကာနာဇာဝါမြို့အား ပြသနိုင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။