ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ မင်းသားချောပြေတီဦးနဲ့ မင်းသမီးချောအိန္ဒြာကျော်ဇင်တို့်ကတော့ ပြည်သူ့အသည်းကျော်စုံတွဲပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသလို သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးတွေကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin IG
Photo Credit - Eaindra Kyaw Zin IG

ပရိသတ်တွေ အားကျချစ်ခင်ကြတဲ့ သူတို့စုံတွဲလေးကတော့ အနုပညာလှုပ်ရှားမှုလေးတွေအပြင် ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိတာလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

အခုလို Stay Home ကာလလေးမှာလည်း မိသားစုကို အချိန်ပိုပေးဖြစ်နေကြတဲ့ ပျော်စရာအမှတ်တရလေးတွေကို ချစ်ပရ်သတ်တွေအတွက် အလွမ်းပြေလေ မျှဝေထားပါသေးတယ်နော်..။

Photo Credit - Eaindra Kyaw Zin IG
Photo Credit - Eaindra Kyaw Zin IG

Stay Home ကာလ အားလပ်ရက်လေးမှာ အေးအေးချမ်းချမ်းအနားယူအပန်းဖြေနေကြတဲ့ အူဝဲတို့ရဲ့ အေးချမ်းပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေအတွက် အလွမ်းပြေစေမယ့် အူဝဲတို့ ဇနီးမောင်နှံလေးရဲ့ အပန်းဖြေပုံရိပ်လေးတွေကို တက်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin IG
Photo Credit - Eaindra Kyaw Zin IG

Source & Photo Credit - Eaindra Kyaw Zin IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။