ပရိတ်သတ်ကြီးရေ.....သဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်မရွေးပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီမင်းသားချော မြင့်မြတ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်းရိုက်ကူးခဲ့သူဖြစ်ပြီး အနုပညာလောကမှာဆယ်စုနှစ်များစွာ ရပ်တည်အောင်မြင်နေတဲ့မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။
မြင့်မြတ်ဟာ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေးမြတ်သူအပြင် နောက်ထပ်ရင်သွေးလေးကိုပါရရှိနေပြီဖြစ်ပါတယ်။ မြတ်သူလေးဟာလည်း မြင့်မြတ်နဲ့ရုပ်ချင်းအရမ်းဆင်တာဖြစ်ပြီး ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာလေးပါနော်။ ဒါ့ပြင်မြတ်သူလေးဟာလည်း စကားလေးတွေတီတီတာတာပြောတတ်နေပြီး အသည်းယားစရာလေးပါ။
မြင့်မြတ်ရဲ့တပည့်ဖြစ်တဲ့မြတ်ဝေထွန်းဟာ မကြာခဏဆိုသလို မြတ်သူလေးရဲ့ပုံလေးတွေ ဗီဒီယိုလေးတွေကိုတင်ပေးတတ်သူတစ်ယောက်ပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ" Chit tone kyi ပါးပါးကပ်ချွဲ" ဆိုတဲ့ captionလေးနဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။