ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ကောင်းတဲ့ ချစ်စရာကောင်းသူလေးမို့ အားလုံးက ချစ်ခင်နေကြတာပါ..။

ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်တဲ့အပြင် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ညို့အားပြင်းတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသူလေးပဲ ဖြစ်ပါတယ်..။

Photo Credit - Ei Chaw Po's FB Acc
Photo Credit - Ei Chaw Po's FB Acc

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ဇာတ်ကားတွေလည်း များစွာ ရိုက်ကူးထားတဲ့ စူစူလေးကိုတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာပါနော်..။

မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ စူစူလေးကတော့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Ei Chaw Po Tik Tok
Photo Credit - Ei Chaw Po Tik Tok

အခုတစ်ခါမှာလည်း စူစူလေးတစ်ယောက် ကလေးလေးတွေနဲ့အတူ ဆော့ကစား ကပြထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ကလေးငယ်လေးတွေနဲ့အပြိုင် ကပြဆော့ကစားထားတဲ့ စူစူလေးတို့ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေ အားလုံးလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Ei Chaw Po Tik Tok
Photo Credit - Ei Chaw Po Tik Tok
@actresseichawpo

##0324MYTest

♬ Coño (feat. Jhorrmountain x Adje) - Puri
@actresseichawpo

♬ original sound - actresseichawpo

Source & Photo Credit - Ei Chaw Po's FB Acc & Tik Tok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။