ပရိသတ်တွေရဲ့ အချစ်တော် လူရွှင်တော် ဦးမန်းဝင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်း ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပြီး ကျန်းမာရေးအခြေအနေအတော်လေးကို ဆိုးဝါးခဲ့ပါတယ်နော်..။

ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ပြီးသည့်တိုင်အောင် သတိပြန်မလည်လာဘဲ ရက်အတော်ကြာ သတိလစ်မေ့မျောနေတာကြောင့်လည်း အားလုံးက စိုးရိမ်စိတ်ပူခဲ့ကြပါသေးတယ်နော်..။

Photo Credit - Man Win's Fb Account
Photo Credit - Man Win's Fb Account

ရက်အတော်သတိလစ်မေ့မျောနေခဲ့တဲ့ ဦးမန်းဝင်းကို မိသားစုတွေက အိမ်ပြန်ခေါ်လာခဲ့ဲပြီး တစ်ရက်လောက်အကြာမှာတော့ သတိပြန်လည်လာကာ ပြန်နိုးလာခဲ့ပြီး ပရိသတ်တွေနဲ့မိသားစုတွေကို စိတ်ပူပန်မှုလေးတွေ အနည်းငယ်ပြလျော့စေခဲ့ပါတယ်..။

လတ်တလောမှာလည်း ဦးမန်းဝင်းတစ်ယောက် တစ်နေ့ကို (၅)ကြိမ်လောက် မျက်လုံးဖွင့်ကြည့်ပြီး လက်ကလေးတွေလည်း နည်းနည်းလှုပ်ရှားလာနေပြီမို့ အမြန်ဆုံးကျန်းမာရေးပြန်ကောင်းလာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်နော်..။

Photo Credit - Man Win's Fb Account
Photo Credit - Man Win's Fb Account

တဖြည်းဖြည်း အကောင်းဘက်ကို ဦးတည်လာနေပြီဖြစ်တဲ့ ဦးမန်းဝင်းရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုတော့ သမီးဖြစ်သူနဲ့ မိသားစုဝင်တွေက ပရိသတ်တွေကို အမြဲအသိပေးပြောပြနေတာလည်း တွေ့ရပါတယ်နော်..။

"မျက်လုံးလေးတွေ တစ်နေ့ကို ၃ကြိမ် ၅ကြိမ်လောက်ဖွင့်တယ်။လက်ကလေးတွေ နည်းနည်းလှုပ်တယ်။မျှော်လင့်နေပါတယ်။မြန်မြန်လေး ပြန်နိုးပြီး နေကောင်းကျန်းမာပေးပါနော်...

ဖေကြီးကို အရမ်းချစ်တယ်။အရမ်းလည်းသနားတယ် ဖေကြီးရယ်..." ဆိုပြီး ကြည်ဖြူမန်းဝင်းက စိတ်မကောင်းစွာ ရေးသားပြောပြထားတာပါ..။

Photo Credit - Man Win's Fb Account
Photo Credit - Kyi Phyu Mann Win's Fb Account

Source & Photo Credit - Kyi Phyu Mann Win's Fb Account & Man Win's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။