ပရိသတ်ကြီးရေ ....ဆွဲမက်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအချိန်အတိုတွင်းသိမ်းပိုက်ခဲ့ပြီး နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးခန့်ကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင်ပီပြင်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်အားပေးမှုရရှိထားတဲ့သူလေးပါ။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

ခန့်ဟာ အခုပြသပြီးသွားတဲ့ အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲလေးမှာ ရိုးသားဖြူစင်တဲ့ အတွင်းရေးမှူးမလေး ရှေးရေစက်အနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိထားတာပါ။ ခန့်ကတော့ စစချင်းရိုက်တဲ့ ဇာတ်ကားလေးမှာတင် အောင်မြင်မှုတွေရရှိနေတာပါနော်။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

ခန့်ဟာ သူမရဲ့အနုပညာလှုပ်ရှားပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာမှာ "Covid ကာလမှာ ဆိုင်မှာလဲသွားညှပ်လို့လဲအဆင်မပြေလို့ မေမေနဲ့ သမီးတော်ကို ခန့်လက်စွမ်းပြထားတာ တစ်ခါမှလဲမညှပ်ဘူးပါဘူးအခုမှကတ်ကြေးကိုစကိုင်ဘူးတာပါ" ဆိုပြီး ဆံပင်ညှပ်ပေးထားတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

Source-Khant Thiri Zaw's Facebook acc

Photo credit-Khant Thiri Zaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။