ပရိသတ်အချစ်တော် မင်းသားချောလေး ကျော်ထက်ဇော်ကတော့ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ တိုးဝင်ရင်ထဲရောက်ရှိလာခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုလေးတွေနဲ့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေခဲ့တဲ့ ကျော်ထက်ဇော်ကတော့ ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါနော်..။

Photo Credit - Kyaw Htet Zaw''s FB Account
Photo Credit - Kyaw Htet Zaw''s FB Account

ပရိသတ်အသည်းကျော်လေး အင်းသားချောကျော်ထက်ဇော်ကတော့ ပြီးခဲ့တဲ့ရက်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ "အချစ်ဖွဲ့လေညင်း" ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကိုလည်း အခိုင်အမာရရှိထားပါသေးတယ်နော်..။

ဇာတ်ကားပြီးသွားပေမယ့်လည်း သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေထားပြီး ချစ်ပရိသတ်တွေ အချစ်တွေမလျော့သွားဖို့အတွက် ဘုရားမှာ တောင်းဆုလေးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်နော်..။

Photo Credit - Kyaw Htet Zaw''s FB Account
Photo Credit - Kyaw Htet Zaw''s FB Account

"အချစ်တွေလျော့မသွားဖို့ ဆုတောင်းရင်း.........

နှုတ်ဆက်ခဲ့ပါတယ်.. ရောင်နီဦး၊မိုးသောက်ဦး.." ဆိုပြီး ဘုရားဖူးကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို အလွမ်းပြေလေး ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ချစ်ပရိသတ်တွေကလည်း လွမ်းနေကြတဲ့အကြောင်းလေးနဲ့ အမြဲချစ်ခင်အားပေးနေကြမယ့်အကြောင်းလေးတွေကိုလည်း comment ပေး ရေးထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Kyaw Htet Zaw''s FB Account
Photo Credit - Kyaw Htet Zaw''s FB Account

Source & Photo Credit - Kyaw Htet Zaw''s FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။