ပရိသတ်ကြီးရေ မင်းသမီးချောလေးအိန္ဒြာကျော်ဇင်ကတော့ မြန်မာပြည်မှာထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီး သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ချစ်ခင်ပွန်းပြေတီဦးကလည်း အနုပညာရှင်တစ်ယောက်ပဲဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ နားလည်မှုအပြည့်နဲ့ တိုင်တိုင်ပင်ပင်အလုပ်လုပ်ကြပါတယ်နော်။ပြေတီဦးကလည်း အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းစာရင်းဝင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Instagram Account
Photo Credit:Eaindra Kyaw Zin's Instagram Account

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေထိုင်ကြပြီး ချစ်စရာသမီးလေးနဲ့သားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်တို့မိသားစုဘဝလေးက အရမ်းသာယာပြီးအေးချမ်းတဲ့မိသားစုလေးဖြစ်လို့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာပါနော်။အခုလတ်တလောမှာဆိုရင်တော့ အိန္ဒြာကျော်ဇင်တို့မိသားစုက ပြင်ဦးလွင်မှာ မိသားစုတွေအတူတူအပန်းဖြေဖို့အတွက်ရောက်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Instagram Account
Photo Credit:Eaindra Kyaw Zin's Instagram Account
Photo Credit:Eaindra Kyaw Zin's Instagram Account

အိန္ဒြာကျော်ဇင်တို့ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်ကအိမ်ကလေးကလည်း အရမ်းလှပြီးနေချင်စဖွယ်လေးပါနော်။အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်က ခြံထဲမှာ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ လမ်းလျှောက်နေတဲ့ပုံလေးကို ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်။နုငယ်ချောမောမှုတွေကိုအတိုင်းသားမြင်တွေ့ရပြီး အပြုံးလေးတစ်ချက်နဲ့ဖမ်းစားသွားနိုင်တဲ့ ကလေးနှစ်ယောက်မိခင် အူဝဲရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Eaindra Kyaw Zin's Instagram Account
Photo Credit:Eaindra Kyaw Zin's Instagram Account

Source&Photo Credit:Eaindra Kyaw Zin's Instagram Account

Video Credit:Eaindra Kyaw Zin's Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။