ပရိသတ်ကြီးရေ အသံချိုချိုလေးနဲ့ အချစ်သီချင်းတွေကိုသာ အများဆုံးသီဆိုလေ့ရှိတဲ့ အဆိုတော်မလေး ပိုပိုကတော့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေနဲ့ ရုပ်ရည်လေးကလည်း ပြစ်ချက်မရှိလှပတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ပိုပိုက " ချစ်ဖူးခဲ့သမျှ " တေးစီးရီး အယ်ဘမ်လ်လေးနဲ့ ပရိသတ်တွေကြား အချိန်တိုလေးအတွင်း ဝင်ရောက်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ သူလည်းဖြစ်ပါတယ်..........။

Photo credit - " ပိုပို " facebook page
Photo credit - " ပိုပို " facebook page

ပိုပိုက ဆွဲဆောင်မှုရှှိတဲ့ အပြုံးလေးတွေနဲ့ ဖြူဖွေးဝင်းပလွန်းတဲ့ အသားအရည်လေးတွေကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်ကပါ အားပေးချစ်ခင်နေတာလည်းဖြစ်ပါတယ်။ ပိုပိုက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ " ဖြေ " သီချင်းလေးကို မော်ဒယ်လ် သရုပ်ဆောင် မင်းသားချောလေး စိုင်းဝဏ္ဏအောင် ၊ Blogger နေဆန်းနဲ့အတူ တွဲဖက်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်.......။

Photo credit - " ပိုပို " facebook page
Photo credit - " ပိုပို " facebook page

ယနေ့မှာတော့ ပိုပိုက ဖြေ တေးသီချင်းလေးထဲမှာ ထည့်သွင်းရိုက်ကူးမယ့် ပါးရိုက်တဲ့ အသံကို ပီပြင်အောင် စိုင်းဝဏ္ဏအောင်နဲ့အတူ ကြိုးစားပုံဖော်နေပြီး "ဖြေ သီချင်းအတွက် Dialogue တွေ အသံပြန်ဖမ်းရင်း ပါးရိုက်တဲ့ အခန်းအတွက် အသံ ဖမ်းနေတာ ပါးတွေရော လက်တွေရော နာတယ် " ဆိုတဲ့စာသားလေးအပြင် ဗီဒီယိုဖိုင်လေးကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ယောက်သား ပျော်ရွှင်စွာဆော့ကစားထားတဲ့ Tiktok ဗီဒီယိုဖိုင်လေးကိုလည်း တင်ပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.......။

Photo credit - " ပိုပို " facebook page
Photo credit - " ပိုပို " facebook page

Source & Photo credit - " ပိုပို " facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။