စွယ်စုံရ မင်းသားချော ကျော်ကျော်ဗိုလ်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေပြီး ပရိသတ်အားပေးချစ်ခင်မှုကို တခဲနက်ရရှိထားတဲ့ သူပါနော်။ ယောကျ်ားပီသတဲ့ မျက်နှာနဲ့ တောင့်တင်းခိုင်မာတဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကြောင့် မိန်းကလေးပရိသတ် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်နော်။ ကျော်ကျော်ဗိုလ်က ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးတွေနဲ့လည်း တွဲဖက်ရိုက်ကူးနေသလို တက်သစ်စ မော်ဒယ်လ်မင်းသမီးချောလေးတွေနဲ့လည်း ရိုက်ကူးလျက်ရှိနေတာဖြစ်လို့ ပရိသတ်တွေက သူရဲ့ နုပျိုမှုကို အားကျနေကြတာလည်းဖြစ်ပါတယ်......။

Photo credit - Kyaw Kyaw Bo' s facebook account
Photo credit - Kyaw Kyaw Bo' s facebook account

ကျော်ကျော်ဗိုလ်က ဗီဒီယိုဇာတ်ကားများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုတွေကိုလည်း ထိုက်တန်စွာရရှိထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့ အနုပညာရှင် ညီအကို မောင်နှမတွေကလည်း သူရဲ့ သရုပ်ဆောင်ကောင်းမွန်မှု စွမ်းရည်တို့ကို ချီးကျူးမဆုံးဖြစ်နေကြတာ အမှန်ပါပဲနော်။ လတ်တလောမှာတော့ ကျော်ကျော်ဗိုလ်က အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေရင်း အိမ်မှာနေတဲ့ အချိန်လေးတွေမှာ Tiktokဗီဒီယို အမိုက်စားလေးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာလည်းဖြစ်ပါတယ်.......။

Photo credit - Kyaw Kyaw Bo' s facebook account
Photo credit - Kyaw Kyaw Bo' s facebook account

ယနေ့မှာတော့ ပြည်သူချစ်အနုပညာရှင် မင်းသားချော ကျော်ကျော်ဗိုလ်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က " နောက်ထပ် ၄ ၅ ၁၀ ရုပ်လောက်တော့ ထပ်လိုချင်သေးတယ် " ဆိုတဲ့ စာသားလေးနဲ့အတူ အကယ်ဒမီဆုကြီးကို ပိုက်ကာ ရိုက်ထားတဲ့ ပုံလေးကိုတင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ သရုပ်ဆောင် မင်းသားချော ကျော်ကျော်ဗိုလ်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။ 

Photo credit - Kyaw Kyaw Bo' s facebook account
Photo credit - Kyaw Kyaw Bo' s facebook account
Photo credit - Kyaw Kyaw Bo' s facebook account

Source & Photo credit - Kyaw Kyaw Bo' s facebook account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။