ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အအေးဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Eureka" ယူရီကာမြို့ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုအအေးဆုံး မြို့ကတော့ ကနေဒါနိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ထိုအအေးဆုံး မြို့အကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကနေဒါနိုင်ငံရှိ ယူရီကာ သုတေသနစခန်းမှာ အမြဲအခြေချနေထိုင်သူများမရှိဘဲ ဝန်ထမ်းရှစ်ဦးက အလှည့်ကျသွားရောက် နေထိုင်ကြကာ စခန်းတွင် အနည်းဆုံး တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ယူရီကာဟာ ၁၉၄၇ ခုနှစ်မှာ လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့တဲ့ မိုးလေဝသ စခန်းဖြစ်ပါတယ်။ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ နေရောင်ကို လုံး၀ မမြင်တွေ့ရဘဲ ပျမ်းမျှ အပူချိန် အနှုတ် ၁ ဒီဂရီသာရှိတဲ့ ထိုနေရာဟာ အလုပ်လုပ်ရန် မက်မောဖွယ်ရှိတဲ့ နေရာတစ်ခုတော့မဟုတ်ပါဘူးနော်။

photo credit pngtree

ရှည်လျားသော ဆောင်းတွင်းကာလအတွင်း အောက်တိုဘာလမှ မေလအကြားမှာ မိုးလုံးဝမရွာသဖြင့် ယူရီကာဒေသဟာ ဝင်ရိုးစွန်း ကန္တာရ တစ်ခုဖြစ်လာခဲ့ပါတယ်။ အငွေ့ပျံခြင်းကိုဖြစ်စေရန် လေထုအတွင်း လုံလောက်သော စိုထိုင်းစမရနိုင်တဲ့ အပူချိန် အလွန်အမင်းနိမ့်ကျတဲ့ ယူရီကာမှာ အပင်များပေါက်ရောက်နေပါတယ်။ ထို့ကြောင့် ထိုနေရာကို အာတိတ် စက်ဝန်းဥယျာဉ်နေရာလို့ ဆိုကြပါတယ်။ နွား၊မြေခွေး၊ဝံပလွေ အစရှိတဲ့ တောရိုင်းတိရိစ္ဆာန်များဟာ ယူရီကာ ဒေသမှာ ကျက်စားသွားလာနေကြပါတယ်။ နေရောင်ခြည်ကို အဆက်မပြတ်ရရှိတဲ့ နွေရာသီမှာ ငှက်များဟာ အသိုက်များ ပြုလုပ်လေ့ရှိကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။