ပရိသတ်ကြီးရေ သူမတူတဲ့ အသံနဲ့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုများစွာနဲ့ ရပ်တည်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ အဆိုတော် ဟဲလေးပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ရေးသားတေးသီချင်းတွေနဲ့ တစ်ကိုယ်တော် အခွေများစွာထွက်ရှိထားတဲ့ ဟဲလေးရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ အသားညိုပြီး ယောကျာ်းပီသတဲ့ ဟဲလေးကို မိန်းကလေးပရိသတ်အတော်များများကလည်း အားပေးဝန်းရံနေကြတာပဲဖြစ်ပါတယ်.....။

Photo credit - Naing Lin Aung' s facebook account
Photo credit - Naing Lin Aung' s facebook account

ဟဲလေးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး တေးသီချင်းအသစ်ထွက်ရှိဖို့လည်း ကြိုးစားလုပ်ဆောင်နေတာပါနော်. ။ အဆိုတော် ဟဲလေးက ချစ်စရာကောင်းပြီး ဆက်ဆံရေးကောင်းမွန်တဲ့ ချစ်ဇနီးလေးနဲ့အတူ သာယာပျော်ရွှင်ပြီး လူအများက အားကျရတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး သွက်သွက်လက်လက်နဲ့ ချစ်မွေးပါတဲ့သားသားလေးနှစ်ယောက်လည်း မွေးဖွားထားပါသေးတယ်နော်.....။

Photo credit - Naing Lin Aung' s facebook account
Photo credit - Naing Lin Aung' s facebook account

ယနေ့မှာတော့ ပြည်သူချစ်အနုပညာရှင် အဆိုတော် ဟဲလေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ " ၃လအတွင်းပထမဆုံး မိသားစုလိုက် အပြင်ပြန်ထွက်တဲ့နေ့"ဆိုတဲ့ စာသားလေးနဲ့အတူ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အပြင်သွားနေတဲ့ ပုံလေးတွေကိုပါ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ အဆိုတော် ဟဲလေးရဲ့ မိသားစုပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..........။

Photo credit - Naing Lin Aung' s facebook account
Photo credit - Naing Lin Aung' s facebook account
Photo credit - Naing Lin Aung' s facebook account

Source & Photo credit - Naing Lin Aung' s facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။