ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း ဖမ်းစားထားနိုင်သူလေးကတော့ မင်းသမီးချောလေး ခန့် ပဲဖြစ်ပါတယ်။ ခန့် ဟာဆိုရင် လက်ရှိမှာတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာပါဝင်သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ စကားပြောရင်လည်း အေးဆေးတည်ငြိမ်စွာနဲ့ပြောဆိုတက်သလို သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်.....။

Photo credit - Khant 's facebook account
Photo credit - Khant 's facebook account

ခန့် ကတော့ အမြဲလိုလို ကလေးလေးတစ်ယောက်လိုနေတက်ပြီး အိမ်မှာနေတဲ့အချိန်တွေမှာဆိုလည်း ပရိသတ်တွေအတွက် tik tok လေးတွေကိုဆော့ပြီး ဖော်ပြပေးလေ့ရှိပါတယ်နော်..။ ယခုမှာဆိုရင်လည်း မင်းသမီးချော ခန့် ကတော့ ပရိသတ်တွေအတွက် အလွမ်းပြေအောင် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ မကြာသေးမီကမှ ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲက ရှေးရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်......။

Photo credit - Khant 's facebook account
Photo credit - Khant 's facebook account

ကျက်သရေရှိစွာလှပနေတဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လှလှလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း သရုပ်ဆောင် မင်းသမီးချောလေး ခန့်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.....။

Photo credit - Khant 's facebook account
Photo credit - Khant 's facebook account

Source & Photo credit - Khant 's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။